ဘိုင်ယန်မြူးနစ်အသင်းက ပဲလေ့စ်အသင်းမှ ဂူဟီ ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် ဆွေးနွေးမှုများပြုလုပ်

26 Oct

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဥရောပထိပ်တန်းကလပ်အသင်းများက ခေါ်ယူရန်ပစ်မှတ်ထားနေတဲ့ ပဲလေ့စ် အသင်းမှ ဂူဟီ ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဂူဟီ အနေနဲ့ ယခုနှစ်ဘောလုံးရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းများ အပါအဝင် ဥရောပမှ ထိပ်တန်းကလပ်အသင်းများက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဂူဟီ ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းမှထွက်ခွာရန်ကြိုးပမ်းခဲ့ပြီး လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့သော်လည်း အပြောင်းအရွှေ့ကာလနောက်ဆုံးရက်တွင် စာရွက်စာတမ်း လွှဲပြောင်းမှု နောက်ကျခဲ့လို့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ပြိုင်ဘက်အသင်းများထက် လက်ဦးမှုရယူနိုင်ရန် စတင်ကြိုးပမ်းနေပြီး အသင်း တာဝန်ရှိသူများက ဂူဟီ ရဲ့ အေးဂျင့်ဖြစ်သူများနဲ့ ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရပါတယ်။(NVS 008)

26 Oct

ADVERTISE HERE .