မန်ယူအသင်းက အသင်းကွင်းလယ်ပိုင်းအတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆန်းဆက်၊ မန်ဒီ နဲ့ ပက်ဗလိုဗစ်ချ် တို့ကို ခေါ်ယူရန်ပစ်မှတ်ထား
26 Oct
မန်ယူအသင်းက အသင်းကွင်းလယ်ပိုင်းအတွက် လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ဘီလ်ဘာအို အသင်းမှ ဆန်းဆက်၊ စပို့တင်းလစ္စဘွန်းအသင်းမှ မန်ဒီ နဲ့ ဘိုင်ယန်မြူးနစ်အသင်းမှ ပက်ဗလိုဗစ်ချ် တို့ကိုခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။ မန်ယူအသင်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းတိုက်စစ်ပိုင်းနဲ့ ဂိုးသမားနေရာ အတွက်သာ အင်အားဖြည့်တင်းခဲ့သော်လည်း ကွင်းလယ်ပိုင်းကို အင်အားမဖြည့်တင်းနိုင်ခဲ့လို့ လာမည့်အပြောင်း အရွှေ့ကာလတွင် ကွင်းလယ်ပိုင်းကို အဓိကထားပြီး အင်အားဖြည့်တင်းရန် ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။ မန်ယူအသင်းဟာ အသင်းကွင်းလယ်ပိုင်းတွင် ကက်စ်မဲရိုး နဲ့ ဖာနန်ဒက် တို့ကိုသာ ဦးစားပေးအသုံးပြုနေပြီး နောက်ထပ် ကွင်းလယ်ကစားသမားအဖြစ် အူဂါတေး နဲ့ မိုင်နူး တို့ရှိနေသော်လည်း မိုင်နူး အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိနေပါတယ်။ ကက်စ်မဲရိုး ကလည်း အနာဂတ်မရေမရာဖြစ်နေလို့ နည်းပြ အာမိုရင် က ကွင်းလယ်ကစားသမားသစ်များနဲ့ အစားထိုးရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ (NVS 008)