နည်းပြ မော်ရင်ဟို က ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တွန်မီနေး ကို ခေါ်ယူရန်ပြင်ဆင်
26 Octဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟို က ကွင်းလယ်ကစားသမား တော်မီနေး ကို ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် ခေါ်ယူရန်ပြင်ဆင်နေကြောင်း သိရပါတယ်။ ဘင်ဖီကာအသင်းက နည်းပြ မော်ရင်ဟို လက်ထက်တွင် ဥရောပပြိုင်ပွဲအဖြစ် ချဲလ်ဆီးအသင်းနှင့် နယူးကာဆယ်အသင်း တို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် ကွင်းလယ်ကစားသမား တော်မီနေး နဲ့ ခံစစ်ကစားသမား ဗာရာနီ တို့ကို ခေါ်ယူအားဖြည့်သွားမည်ဖြစ်ကြောင်း နည်းပြ မော်ရင်ဟို က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လက်ရှိတွင် တော်မီနေး က နာပိုလီအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်နေပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက သွင်းဂိုး ၁၃ ဂိုးနှင့် ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်နိုင်ခဲ့ကာ ယခုနှစ်ဘောလုံးရာသီတွင်လည်း ပြိုင်ပွဲစုံကိုးပွဲတွင် သွင်းဂိုး တစ်ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့လို့ နည်းပြ မော်ရင်ဟို က ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရပါတယ်။(NVS 008)
26 Oct