မေဂျာလိဂ်ပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားစာရင်းထုတ်ပြန်ရာတွင် တိုက်စစ်မှူး မက်ဆီ ထိပ်ဆုံးမှပါဝင်

26 Oct

၂၀၂၅ ခုနှစ် မေဂျာလိဂ်ပြိုင်ပွဲအပြီးတွင် တစ်နှစ်တာအကောင်းဆုံး ကစားသမားငါးဦး စာရင်းထုတ်ပြန် ခဲ့ရာတွင် အင်တာမီယာမီအသင်းတိုက်စစ်မှူး မက်ဆီ ထိပ်ဆုံးမှ ပါဝင်လာခဲ့ပါတယ်။ မေဂျာလိဂ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည့် အကောင်းဆုံး ကစားသမားငါးဦး စာရင်းတွင် အင်တာမီယာမီ အသင်းမှ တိုက်စစ်မှူး မက်ဆီ၊ စင်စင်နာတီအသင်းမှ အီဗန်ဒါ၊ ဆန်တီယေဂိုအသင်းမှ အန်ဒါဒရီရာ၊ အယ်လ်အေ အက်ဖ်စီအသင်းမှ ဒန်းနစ် နဲ့ နက်ရှ်ဗီလီအသင်းမှ ဆမ်ဆာရိုက် တို့ ပါဝင်ခဲ့ပါတယ်။ တစ်နှစ်တာ အကောင်းဆုံးနည်းပြစာရင်းတွင် ဖီလာဒယ်ဖီးယားအသင်းမှ နည်းပြ ဘရက်ဒ်လေကန်နယ်၊ ဗန်ကူဗာအသင်းမှ ဆိုရန်ဆန်၊ ဆန်တီယေဂိုအသင်းမှ မစ်ကီဗားရက်စ် တို့ပါဝင်ခဲ့ပြီး အကောင်းဆုံးခံစစ်ကစားသမား စာရင်းတွင် ဗန်ကူဗာအသင်းမှ ဘလက်မွန်၊ ဖီလာဒယ်ဖီးယားအသင်းမှ ဂျာကော့ နဲ့ ဝါ့ဂ်နာ၊ အကောင်းဆုံး ဂိုးသမားစာရင်းတွင် နယူးယောက်အသင်းမှ ဖရီစီ နဲ့ မင်နီဆိုဒါအသင်းမှ စိန့်ကလဲယား၊ ဗန်ကူဗာအသင်းမှ တာကာအိုကာ တို့ပါဝင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါဆုများကို မေဂျာလိဂ်ပြိုင်ပွဲ ပထမအသင်းကြီးမှ ကစားသမားများ၊ နည်းစနစ်ဝန်ထမ်းများ၊ မီဒီယာ များက မဲပေးရွေးချယ်သွားမှာဖြစ်ပါတယ်။(NVS 008)

26 Oct

ADVERTISE HERE .