ရီးရဲလ်မက်ဒရစ်အသင်းနှင့် အယ်ကလက်စီကိုပွဲစဉ်ကို ရာဖင်ဟာ လွဲချော်မည်

26 Oct

ဘာစီလိုနာအသင်း တောင်ပံကစားသမား ရာဖင်ဟာ အနေနဲ့ ကြွက်သားဒဏ်ရာမှ ပြန်လည်သက်သာလာ သော်လည်း တနင်္ဂနွေနေ့တွင်ကစားမည့် ရီးရဲလ်မက်ဒရစ်အသင်းနှင့် အယ်ကလက်စီကိုပွဲစဉ်တွင် ပါဝင်နိုင်မည် မဟုတ်ကြောင်း သိရပါတယ်။ ရာဖင်ဟာ က စက်တင်ဘာလ ၂၅ ရက်မှာ ကစားခဲ့တဲ့ အိုဗီဒိုအသင်းနှင့်ပွဲစဉ်တွင် ကြွက်သားဒဏ်ရာရရှိခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ရပြီး ယခုရက်သတ္တပတ်အတွင်းမှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားအနေနဲ့ ကြံ့ခိုင်မှုလိုအပ်ချက်ရှိနေခဲ့လို့ နည်းပြ ဖလစ် က စွန့်စားမှုမလုပ်လိုဘဲ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ပွဲစဉ်မှာ ထည့်သွင်းအသုံးပြုမည်မဟုတ်ကြောင်း သိရပါတယ်။ ရာဖင်ဟာ ရဲ့ဒဏ်ရာက သုံးပတ်ခန့်သာ အနားယူရမယ်လို့ ဘာစီလိုနာအသင်းက ကြေညာထားသော်လည်း တစ်လကျော်ခန့် အနားယူခဲ့ရပြီး လက်ရှိတွင် အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့သော်လည်း မည်သည့်အချိန်မှ ပွဲထွက်ကစားမည်ကို အသင်းအနေဖြင့် အတည်ပြုမှု မရှိသေးတာဖြစ်ပါတယ်။ (NVS 008)

26 Oct

ADVERTISE HERE .