ကင်ဂျုံအွန် နှင့် ဒေါ်နယ်ထရမ့် တို့ လာမည့်သီတင်းပတ်တွင်တွေ့ဆုံရန် အခွင့်အရေးရှိဟု တောင်ကိုရီးယား ပြော

25 Oct

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့အနေဖြင့် လာမည့် သီတင်းပတ်အတွင်း တွေ့ဆုံရန် အခွင့်အရေးရှိကြောင်း တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူက အောက်တိုဘာလ ၂၄ ရက်တွင်ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် တောင်ကိုရီးယားနိုင်ငံ၌ကျင်းပမည့် APEC ထိပ်သီးညီလာခံသို့ တက်ရောက်စဉ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နှင့် တစ်ပါတည်း တွေ့ဆုံသွားရန် တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီး ချန်ဒေါင်ယောင်း က တောင်းဆိုထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ တောင်ကိုရီးယားခရီးစဉ်က ကောင်းကင်ဘုံကစီစဉ်ပေးသည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း၊ ထိုအခွင့်အရေးက မြောက်ကိုရီးယားနိုင်ငံ၏ ရပ်တည်ချက်နှင့် စီးပွားရေးတိုးတက်မှုအတွက် ကူညီပေးနိုင်မည်ဖြစ် ကြောင်း ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးအတွက် ကြိုးပမ်းနေသူ ချန်ဒေါင်ယောင်း ကပြောသည်။ ဒေါ်နယ်ထရမ့် သည် သမ္မတအဖြစ် ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်စဉ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် နှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ဖူးသည်။ သို့သော် အဆိုပါ တွေ့ဆုံမှုများတွင် မြောက်ကိုရီးယားကတောင်းဆိုသော ပိတ်ဆို့မှုများ ဖြေလျှော့ပေးရေးအတွက် သဘောတူညီချက် များ ရရှိခဲ့ခြင်းမရှိကြောင်းသိရသည်။

25 Oct

ADVERTISE HERE .