ဖရင်ပေါင် တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ခန့် အနားယူရမည်
24 Oct
လီဗာပူးလ်အသင်း နောက်ခံကစားသမား ဖရင်ပေါင် အနေနဲ့ တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။ ဖရင်ပေါင် ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းက ဖရန့်ဖတ်အသင်းကို ငါးဂိုး၊ တစ်ဂိုး ဖြင့် အနိုင် ရရှိခဲ့သည့် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ နောက်ခံကစားသမား ဖရင်ပေါင် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် လီဗာပူးလ်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဖရင်ပေါင် ဟာ လက်ရှိဘောလုံးရာသီတွင် လီဗာပူးလ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ကိုးပွဲကစားပြီး တစ်ဂိုးသွင်းယူထားပါတယ်။(NVS 008)
24 Oct