ယခုနှစ်ရာသီတွင် ပြိုင်ပွဲစုံ သွင်းဂိုး ၂ဝ ပြည့်မြောက်ခဲ့တဲ့ ဟယ်ရီကိန်း
24 Oct
ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ သွင်းဂိုး ၂ဝ ပြည့်မြောက်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းက ကလပ်ဘရုဂေးအသင်းကို လေးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အသင်းအတွက် အဖိုးတန်သွင်းဂိုး တစ်ဂိုး သွင်းယူပြီးနောက် ယခုလို မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ လက်ရှိဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားပြီး ဂိုး ၂ဝ အထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဟယ်ရီကိန်း က အခုလို မှတ်တမ်းတစ်ရပ် ရရှိခဲ့လို့ ပျော်ရွှင်မိကြောင်းနဲ့ နောက်ထပ်လည်း သွင်းဂိုးတွေအပြင် အသင်းအောင်မြင်မှုများ ရရှိအောင် ဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)