ချန်ပီယံလိဂ်တစ်ပွဲတည်းတွင် ဆယ်ကျော်သက်ကစားသမား သုံးဦးစလုံး ဂိုးသွင်းနိုင်သည့် ပထမဆုံးအသင်းအဖြစ် ချဲလ်ဆီးအသင်း မှတ်တမ်းဝင်
24 Oct
ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်တစ်ပွဲတည်းတွင် ဆယ်ကျော်သက်ကစားသမား သုံးဦးစလုံး ဂိုးသွင်းယူ နိုင်သည့် ပထမဆုံးအသင်းအဖြစ် စံချိန်မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက အေဂျက်စ်အသင်းကို ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ငါးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် မာ့ခ်ဂူယူ၊ အက်စ်တီဗာအို၊ တိုင်ရီကေးဂျော့ စတဲ့ ဆယ်ကျော်သက်ကစားသမား သုံးဦးစလုံးက ဂိုးသွင်းယူနိုင် ခဲ့ခြင်းကြောင့် ယခုလို မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်လိဂ်အဆင့်ပွဲစဉ် သုံးပွဲကစားအပြီးတွင် ရမှတ် ခြောက်မှတ်ဖြင့် အဆင့်(၁၁) နေရာတွင် ရပ်တည်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လာမည့် နိုဝင်ဘာလ ၆ ရက်တွင် ကွာရာဘတ်အသင်းနှင့် ထပ်မံယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။(NVS 008)
24 Oct