ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စပိန်ကလပ်အသင်းများကို ခုနစ်ပွဲဆက်အနိုင်ရရှိခဲ့သည့် ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အာဆင်နယ်အသင်း
24 Oct
ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ အေတီကိုအသင်းတို့ ပွဲစဉ်တွင် အာဆင်နယ် အသင်းက အိမ်ကွင်းတွင် လေးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် စပိန်ကလပ်အသင်းများကို ခုနစ်ပွဲဆက်အနိုင်ရရှိခဲ့ တဲ့ ပထမဆုံးကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စပိန်ကလပ်အသင်းများကို အခြားလိဂ်အသင်းများမှ ကလပ်အသင်းများအနေနဲ့ အနိုင်ရရှိရန် ရုန်းကန်ရလေ့ရှိသော်လည်း နောက်ပိုင်းတွင် အာဆင်နယ်အသင်းက စပိန်ကလပ်အသင်းများနဲ့ တွေ့ဆုံတိုင်း ရလဒ်ကောင်းလေ့ရှိပြီးနောက် မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အေတီကိုအသင်းမတိုင်မီက ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ကြိမ်၊ ဆီဗီလာအသင်းကို နှစ်ကြိမ်၊ ဂျီရိုနာနဲ့ ဘီလ်ဘာအိုအသင်းတို့ကို အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စပိန်ကလပ်အသင်းများကို ခုနစ်ပွဲဆက် အနိုင်ရရှိခဲ့တဲ့ ပထမဆုံး ကလပ်အသင်းဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီ၌ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ရရှိနေတဲ့ အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ရလဒ်ကောင်းများရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင် လျက်ရှိနေပါတယ်။(NVS 008)