“နိုင်ပွဲတွေရယူနိုင်ဖို့က အရေးကြီးတယ်လို့ဆိုတဲ့ ရှောင်ဒိုက်”
24 Oct
နော်တင်ဟမ်နည်းပြသစ်အဖြစ်နဲ့ နိုင်ပွဲတွေရယူနိုင်ဖို့က အရေးကြီးတယ်လို့ အသက် ၅၄ နှစ်အရွယ် ရှောင်ဒိုက် က ပြောကြားလိုက်ပါတယ်။ အင်္ဂလန်လူမျိုးနည်းပြ ရှောင်ဒိုက် ဟာ ရလဒ်ဆိုးနေတဲ့ အသင်းတွေကို တာဝန်ယူချိန်မှာ ရလဒ်ကောင်းတွေရယူပေးနိုင်တဲ့သူလို့ အင်္ဂလန်ဘောလုံးလောကမှာ နာမည်ကြီးနေသူဖြစ်ပါတယ်။ နော်တင်ဟမ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် ခန့်အပ်တာ ၃၉ ရက်သာရှိသေးတဲ့ နည်းပြ ပိုစတီကော့ဂလူကို ရာထူးက ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် နော်တင်ဟမ်အသင်းအတွက် နိုင်ပွဲတွေရယူပေးနိုင်ဖို့က သူ့အတွက် အရေးကြီးတဲ့ တာဝန်ဖြစ်တယ်လို့ နည်းပြသစ် ရှောင်ဒိုက် က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာ အသင်းရဲ့ ဘောလုံးအိုင်ဒီယာတွေကို ပြောင်းလဲနိုင်ဖို့ ထက် နိုင်ပွဲတွေရဖို့ကိုသာ အာရုံစိုက်သွားရမှာဖြစ်ပါတယ်လို့ နော်တင်ဟမ်အသင်းနဲ့ ၂၀၂၇ အထိ စာချုပ်ခဲ့တဲ့ နည်းပြ ရှောင်ဒိုက် က ပြောကြားခဲ့ပါတယ်။ ခံစစ်ကိုပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ ကစားတတ်တဲ့ ရှောင်ဒိုက်ချ်ရဲ့ နည်းနစ်ပိုင်းကို ဝေဖန်မှုတွေ ရှိနေကြပေမယ့် ရှောင်ဒိုက် ကတော့ အသင်းနဲ့လိုက်ဖက်တဲ့ ကစားပုံဆိုရင် ဘယ်လိုနည်းဗျူဟာမျိုးကိုမဆို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ပြန်လည်တုန့်ပြန်သွားခဲ့ပါတယ်။ (NVS 008)