“အောက်တိုဘာလအတွက် မေဂျာလိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ မက်ဆီ”

24 Oct

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ ဟာ အောက်တိုဘာလအတွက် မေဂျာလိဂ် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။ မက်ဆီဟာ အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ မေဂျာလိဂ် ၃ ပွဲမှာ သွင်းဂိုး ၅ ဂိုးအထိသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်ဖန်တီးပေးခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ပါတယ်။ မက်ဆီအနေနဲ့ လအလိုက်အကောင်းဆုံးကစားသမားဆုကို ဒီရာသီအတွင်း (၃) ကြိမ်မြောက်(မေ၊ ဇူလိုင်၊ အောက်တိုဘာ) ရရှိခဲ့တာဖြစ်ပြီး အင်တာမိုင်ယာမီမှာ ကစားခဲ့တဲ့သက်တမ်းအတွင်းဆိုရင်တော့ (၅)ကြိမ်မြောက်ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။ မက်ဆီဟာ ၂၀၂၅ ရာသီ မေဂျာလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို ၂၉ ဂိုးနဲ့ ရယူနိုင်ခဲ့ပြီ ဖြစ်သလို၊ အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီဆက်တိုက်ရရှိဖို့ ရေပန်းစားနေပါတယ်။ (NVS 008)

24 Oct

ADVERTISE HERE .