“ပေါ်တူဂီယူ-၁၆ အသင်းအတွက် ရွေးချယ်ခံရတဲ့ စီရော်နယ်လ်ဒိုဂျူနီယာ”
24 Oct
ပေါ်တူဂီဂန္ထဝင် စီရော်နယ်လ်ဒိုရဲ့သားဖြစ်သူ စီရော်နယ်လ်ဒိုဂျူနီယာ ဟာ ပေါ်တူဂီယူ-၁၆ အသင်းအတွက် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ အသက် ၁၅ နှစ်သာရှိသေးတဲ့ စီရော်နယ်လ်ဒိုဂျူနီယာ ဟာ ဖခင်ဖြစ်သူရှိနေတဲ့ အယ်လ်နာဆာအသင်းရဲ့ လူငယ်အသင်းမှာပဲ ကစားနေသူဖြစ်ပြီး ပြီးခဲ့တဲ့မေလတုန်းက ပေါ်တူဂီယူ-၁၆ အသင်းအတွက် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ တူရကီနိုင်ငံမှာ ကျင်းပမယ့် (၁၆)နှစ်အောက် လူငယ်ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် ပေါ်တူဂီယူ-၁၆ အသင်း အတွက် ကစားသမား ၂၂ ဦးရွေးချယ်ရာမှာ စီရော်နယ်လ်ဒိုဂျူနီယာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ အိမ်ရှင် တူရကီအသင်းနဲ့အတူ ဝေးလ်၊ အင်္ဂလန်နဲ့ ပေါ်တူဂီတို့ ပါဝင်မှာဖြစ်ပြီး အောက်တိုဘာလ ၃၀ ကနေ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
24 Oct