“အင်္ကျီလက်‌မောင်းစပွန်ဆာ ရရှိခဲ့တဲ့ ချဲလ်ဆီးအသင်း”

24 Oct

ချဲလ်ဆီးအသင်းဟာ ဗီယက်နမ်နည်းပညာကုမ္ပဏီ FPT Software နဲ့ အင်္ကျီလက်မောင်းစပွန်ဆာအတွက် သဘောတူညီမှုရရှိခဲ့တာကြောင့် အေဂျက်စ်နဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ စတင်ဝတ်ဆင်သွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ၂၀၂၅-၂၆ ရာသီစတင်ချိန်အထိ အင်္ကျီရင်ဘတ်စပွန်ဆာရော အင်္ကျီလက်မောင်း စပွန်ဆာရော မရှိတဲ့အသင်းဖြစ်ခဲ့ပြီး အခုအချိန်မှ လက်မောင်းစပွန်ဆာရရှိခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အင်္ကျီရင်ဘတ်စပွန်ဆာရရှိဖို့လည်း နီးစပ်နေပြီဖြစ်ပြီး Red Bull ဒါမှမဟုတ် Oracle တို့ထဲက တစ်ခုခုနဲ့ လက်တွဲ နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)

24 Oct

ADVERTISE HERE .