“အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်တဲ့ မက်ဆီ”

24 Oct

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ မက်ဆီဟာ ၂၀၂၃ ဇူလိုင်မှာ အင်တာမိုင်ယာမီအသင်းနဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုထားခဲ့တာကြောင့် လာမယ့် ဒီဇင်ဘာလတွင် သက်တမ်းကုန်တော့မှာဖြစ်တဲ့အတွက် သက်တမ်းတိုးစာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်တော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိသာ ယှဉ်ပြိုင် ကစားမယ် လို့ အတည်ပြုထားပြီး ကလပ်အသင်းအတွက်သာ ဆက်လက်ယှဉ်ပြိုင်ကစားသွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ခဲ့တာကြောင့် ကွင်းတွင်းကွင်းပြင် အကျိုးဖြစ်ထွန်းမှုများစွာ ရှိလာခဲ့သလို၊ မေဂျာလိဂ် ပြိုင်ပွဲအနေနဲ့လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိလာခဲ့ကြောင်း သိရပါတယ်။ (NVS 008)

24 Oct

ADVERTISE HERE .