“အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူး၌ အိန္ဒိယသံရုံး ပြန်လည် ဖွင့်လှစ်မည်”
24 Oct
အိန္ဒိယအစိုးရက အာဖဂန်နစ္စတန်နိုင်ငံ၌ ၎င်း၏သံရုံးကို ပြန်လည်ဖွင့်လှစ်ရန် အောက်တိုဘာလ ၂၃ ရက် တွင် ကြေညာခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်တို့အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှစ၍ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ရပ်ဆိုင်းထားခဲ့သည်။ အိန္ဒိယသံရုံးပြန်လည်ဖွင့်လှစ်သည့် ဆုံးဖြတ်ချက်သည် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမည့် အိန္ဒိယနိုင်ငံ၏သန္နိဋ္ဌာန်ကို အလေးပေးခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ အကူအညီများရရှိရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်းလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယခုလအစောပိုင်းကမြို့တော်နယူးဒေလီ၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဂျေရှန်ကာနှင့် တာလီဘန် အုပ်ချုပ် ရေးအဖွဲ့တို့ တွေ့ဆုံပြီးနောက် ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာ က ကဘူးလ်မြို့တော်၌ အိန္ဒိယသံရုံးဖွင့်လှစ်မည့် ရည်ရွယ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့သည်။ အိန္ဒိယ နှင့်အာဖဂန်နစ္စတန်နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးမြှင့်တင်မှုသည် အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်ဟု NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။