ရုရှား၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ဘောလ်တစ်ပင်လယ်ပြင်ကို ဖြတ်ကျော်ပျံသန်း
23 Oct
ရုရှားနိုင်ငံ၏ Tu-22M3 တာဝေးပစ် ဗုံးကြဲလေယာဉ်များသည် ဘောလ်တစ်ပင်လယ်၏ နိုင်ငံတကာ ရေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းရန် စီစဉ်ထားသည့်ခရီးစဥ်မှာ အောက်တိုဘာလ ၂၂ ရက်၌ ပြီးစီးခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါဗုံးကြဲလေယာဉ်များ၏ ပျံသန်းမှုမှာ ငါးနာရီကျော်ကြာမြင့်ခဲ့ပြီး ထိုသို့ပျံသန်းစဉ်အတွင်း တိုက်လေယာဉ် များက လိုက်ပါစောင့်ရှောက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လမ်းကြောင်း၏ နေရာအချို့၌ အဆိုပါဗုံးကြဲလေယာဉ်များကို ပြည်ပနိုင်ငံများမှ တိုက်လေယာဉ်များကပါ လိုက်ပါစောင့်ရှောက် ပေးခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ ရုရှားလေကြောင်းအာကာသတပ်ဖွဲ့၏ လေယာဉ်ဖြင့် ပျံသန်းမှုအားလုံးကို နိုင်ငံတကာလေပိုင်နက် စည်းမျဉ်း များနှင့်အညီ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ထပ်လောင်းဖော်ပြခဲ့ကြောင်း သိရသည်။