“FIFA/MFF Regional Training Center များ စတင်ဖွင့်လှစ်”

23 Oct

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံတဝှမ်းမှာ Regional Training Center များကို အောက်တိုဘာလ ၂၂ ရက်ကစတင်ပြီး ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရပါတယ်။ MFF ဟာ Regional Training Center များကို မော်လမြိုင်၊ နေပြည်တော်၊ မြစ်ကြီးနား၊ မန္တလေး၊ တောင်ကြီးနဲ့ ပုသိမ်မြို့တို့မှာ အောက်တိုဘာလ ၂၂ ရက်ကစပြီး ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပါတယ်။ MFF ဟာ အသက် ၁၄ နှစ်အောက် အမျိုးသား၊ အမျိုးသမီးလူငယ်ကစားသမားများကို ကစားသမားရွေးချယ်ပွဲများပြုလုပ်ပြီး Regional Training Center များကို တက်ရောက်သင်ကြားခွင့်ပြုနေတာဖြစ်ပါတယ်။ ကစားသမားရွေးချယ်ပွဲတွေကို အမျိုးသား၊ အမျိုးသမီးလူငယ်ကစားသမား ၈၂၃ ဦး လာရောက်ရွေးချယ် ခံခဲ့ကြပြီး MFF က ၂၅၃ ဦး စိစစ်ရွေးချယ်ကာ Regional Training Center များကို တက်ရောက်သင်ကြား ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ MFF ဟာ နိုင်ငံတဝှမ်းမှ ထူးချွန်လူငယ်ကစားသမားများ ထွက်ပေါ်လာဖို့ရည်ရွယ်ချက်နဲ့ Regional Training Center များ ဖွင့်လှစ်သင်ကြားပို့ချနေတာဖြစ်ပြီး နှစ်စဥ်နှစ်တိုင်း ယခုနှစ်ထက် ပိုမိုတိုးချဲ့ဖွင့်လှစ်သွားနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။ (NVS 008)

23 Oct

ADVERTISE HERE .