“မွန်တာရေးအသင်းနဲ့ သက်တမ်းတိုးလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့တဲ့ ရာမို့စ်”
23 Oct
မက္ကဆီကိုကလပ် မွန်တာရေးအသင်းမှာ ကစားနေတဲ့ စပိန်နောက်ခံလူ ဆာဂျီယိုရာမို့စ်က လက်ရှိအသင်းနဲ့ သက်တမ်းတိုးလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းနဲ့ စပိန်လက်ရွေးစင်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ရာမို့စ် ဟာ အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး မွန်တာရေးအသင်းနဲ့ ဒီဇင်ဘာလမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ရာမို့စ် ဟာ ၂၀၂၅ ဖေဖော်ဝါရီမှာ မွန်တာရေးအသင်းနဲ့ တစ်နှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရပါတယ်။ ရာမို့စ်က အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် ရီးရဲလ်နဲ့ ဘာစီလိုနာတို့ရဲ့ El Clasico ပွဲမှာ အသင်းဟောင်း ရီးရဲလ်အသင်းကို အားပေးသွားမှာဖြစ်ကြောင်းနဲ့ မိတ်ဆွေဖြစ်တဲ့ ဘာပေ ကို စိတ်ဓာတ်မြှင့်တင်မှု ပြုလုပ်ပေးသွား မယ်လို့ ပြောကြားခဲ့ပါတယ်။(NVS 008)
23 Oct