“ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် မက်ဂွိုင်းရား ရွေးချယ်ခံရ”

23 Oct

မန်ယူအသင်းရဲ့အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရား ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၈)မှာ မန်ယူအသင်းက လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့ပြီး မက်ဂွိုင်းရား က အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသကာ အနိုင်ဂိုးပါ သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့ ဆန္ဒမဲ ၄၂ ရာခိုင်နှုန်းရရှိကာ ပွဲစဉ်(၈)ရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ် ခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းရားဟာ လစာလျှော့ယူပြီး မန်ယူအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။ (NVS 008)

23 Oct

ADVERTISE HERE .