“၂၀၂၅ အာဖရိကအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထုတ်ပြန်”
23 Oct
၂၀၂၅ ခုနှစ် အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား ၁၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ပရီးမီးယားလိဂ်က ဆာလာ၊ ပါပေဆားနဲ့ အန်ဒီယေး တို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဆန်ခါတင်(၁၀)ဦးစာရင်းမှာ ပါဝင်သူတွေကတော့ အန်ဂွီဆာ(နာပိုလီ၊ ကင်မရွန်း)၊ ဘူအန်ဂါ(LA FC၊ ဂါဘွန်)၊ ဂွီရာဆေး(ဒေါ့မွန်၊ ဂီနီ)၊ ဟာကီမီ(PSG၊ မော်ရိုကို)၊ လမ်လီအူ(ဘာကာနီ၊ မော်ရိုကို)၊ မာယီလီ(ပိရမစ်၊ DR ကွန်ဂို) အန်ဒီယေး(အဲဗာတန်၊ ဆီနီဂေါ)၊ အိုဆင်မန်(ဂါလာတာစာရေး၊ နိုင်ဂျီးရီးယား)၊ ဆာလာ(လီဗာပူးလ်၊ အီဂျစ်)၊ ပါပေဆား(စပါး၊ ဆီနီဂေါ)တို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး လွတ်ခ်မန်း ကတော့ ဒီနှစ်အတွက် ဆန်ခါတင်စာရင်းထဲ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။ ဒီနှစ်အတွက် အာဖရိကအကောင်းဆုံးကစားသမားဆုကို PSG အသင်းနဲ့ ဖလားသုံးလုံးအောင်ပွဲရရှိခဲ့တဲ့ ဟာကီမီ နဲ့ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ ဆာလာ တို့က ထင်ကြေးပေးခံရပါတယ်။ (NVS 008)