“မြောက်ကိုရီးယားက လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အမြင့်ပျံဒုံးကျည်အစင်းပေါင်းများစွာ လွှတ်တင်”

23 Oct

မြောက်ကိုရီးယားနိုင်ငံက လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အမြင့်ပျံဒုံးကျည်အစင်းပေါင်း များစွာကို အောက်တိုဘာလ ၂၂ ရက်နံနက်ပိုင်းတွင် ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားရှိ ပူးတွဲ စစ်ဦးစီးချုပ် များရုံးက ထုတ်ပြန်သည်။ မြောက်ကိုရီးယားနိုင်ငံကပစ်လွှတ်သော ဒုံးကျည်များသည် တာဝေးပစ်ဒုံးကျည်များ ဖြစ်ကြောင်း၊ နိုင်ငံတောင်ပိုင်းရှိ မြောက် ဟွမ်ဟေးပြည်နယ်မှနေ၍ ပစ်လွှတ်ခြင်းဖြစ်ကြောင်း၊ ထိုဒုံးကျည်များ သည် ကီလိုမီတာ ၃၅၀ ခန့်ပျံသန်းပြီးနောက် နိုင်ငံအရှေ့မြောက်ပိုင်းရှိ မြောက်ဟမ်ယောင်းပြည်နယ်သို့ သက်ဆင်း ခြင်းဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့ပြင် မြောက်ကိုရီးယားက ယခုပစ်လွှတ်လိုက်သော ဒုံးကျည်များသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် စမ်းသပ်ခဲ့သော ဒုံးကျည်များနှင့် အလားသဏ္ဌာန်တူကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။ ထိုကိစ္စနှင့် ပတ်သက်၍မူ မြောက်ကိုရီးယားနိုင်ငံက မည်သည့်ထုတ်ပြန်ချက်မျှ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းနှင့် ၎င်းတို့အနေဖြင့် နောက်ဆုံးဒုံးကျည်စမ်းသပ်မှုကို မေလအစောပိုင်းတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ဌာနများက ဖော်ပြထားသည်။ မြောက်ကိုရီးယားနိုင်ငံက ယခုကဲ့သို့ ဒုံးကျည်များပစ်လွှတ်ခြင်းက တောင်ကိုရီးယား နိုင်ငံ၌ APEC ထိပ်သီးညီလာခံမကျင်းပမီ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သတင်းဌာနအချို့က ရေးသားထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

23 Oct

ADVERTISE HERE .