“နောက်ခံလူ ရူဂါနီ ကို စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဂျူဗင်တပ်အသင်း”

22 Oct

ဂျူဗင်တပ်အသင်းဟာ အီတလီနောက်ခံလူ ရူဂါနီ ကို ၂၀၂၈ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆို လိုက်ပါတယ်။ ရူဂါနီ ဟာ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အေဂျက်ဇ်အသင်းဆီ တစ်ရာသီအငှားနဲ့ သွာရောက် ကစားခဲ့သလို အခုရာသီအစပိုင်းမှာပဲ အရန်ခုံမှာသာ ထိုင်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ခံလူ ဘရီမာ ဒဏ်ရာရသွားပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ ရူဂါနီ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရူဂါနီရဲ့ စာချုပ်က အခုရာသီအကုန်မှာ ပြည့်မှာဖြစ်ပြီး ဂျူဗင်တပ်အသင်းဟာ လာမယ့်နွေရာသီမှာ ရူဂါနီကို အလွတ်နဲ့ လက်မလွှတ်ချင်တဲ့အတွက် အခုလို စာချုပ်သစ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ စာချုပ်သစ်အရ ရူဂါနီဟာ အသက် ၃၃ နှစ်အရွယ်အထိ ဂျူဗင်တပ်အသင်းမှာ ဆက်ရှိနေမှာဖြစ်ပြီး အသင်းတွင် ပုံမှန်နေရာရနိုင်ဖို့ကို ကြိုးစားရတော့မှာဖြစ်ပါတယ်။ ရူဂါနီ ဟာ ၂၀၁၂ ခုနှစ်မှာ အမ်ပိုလီအသင်းကနေ ဂျူဗင်တပ်ကို အငှားနဲ့ရောက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ လက်ရှိဂျူဗင်တပ်အသင်း လူစာရင်းမှာ ရူဂါနီ က ပွဲအများဆုံးကစားပေးထားသူတစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၁၁၁ ပွဲ ကစားပေးထားတာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းနဲ့ အတူဆက်ပြီးတော့ လက်တွဲခွင့်ရမှာဖြစ်တဲ့အတွက် ပျော်ရွှင်မိသလို အောင်မြင်မှုရယူနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်လို့ စာချုပ်သစ်ချုပ်ဆိုအပြီးမှာ ရူဂါနီ က ပြောကြားသွားခဲ့ပါတယ်။ (NVS 008)

22 Oct

ADVERTISE HERE .