“နည်းပြ ကွန်ပနီ ကို ၂၀၂၉ ခုနှစ်အထိ နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း”

22 Oct

ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ ဗင်းဆင့် ကွန်ပနီ ကို နှစ်နှစ်သက်တမ်းတိုးခဲ့ပြီး စာချုပ်သစ်အရ ၂၀၂၉ ခုနှစ်အထိ ဆက်ရှိနေမှာဖြစ်ပါတယ်။ မန်စီးတီးနောက်ခံလူဟောင်း ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၂၄ ခုနှစ် မေလမှာ စတင်တာဝန် ယူခဲ့ကာ မူလစာချုပ်က ၂၀၂၇ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးပါလိမ့်မယ်။ အသက် ၃၉ နှစ်အရွယ် ကွန်ပနီ အနေနဲ့ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါချန်ပီယံဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ကွန်ပနီ လက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြိုင်ပွဲစုံ ၆၇ ပွဲမှာ ၄၉ ပွဲအထိ အနိုင်ရရှိထားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်စူပါဖလားဆွတ်ခူးခဲ့ပြီး ဘွန်ဒစ်လီဂါအမှတ်ပေး ဇယားကို ဦးဆောင်လျက်ရှိနေပါတယ်။ (NVS 008)

22 Oct

ADVERTISE HERE .