“နော်တင်ဟမ်အသင်းနည်းပြအဖြစ် တရားဝင်ခန့်အပ်ခံခဲ့ရတဲ့ ရှောင်ဒိုက်”

22 Oct

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အသင်းနည်းပြသစ်အဖြစ် အင်္ဂလိပ်လူမျိုး ရှောင်ဒိုက် ကို တရားဝင် ခန့်အပ်ခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ် ရှောင်ဒိုက် ဟာ နော်တင်ဟမ်အသင်းနဲ့ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ဆိုခဲ့ပြီး အခုရာသီမှာ အသင်းရဲ့ တတိယမြောက်နည်းပြ ဖြစ်လာခဲ့ပါတယ်။ နော်တင်ဟမ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ နူနိုဆန်တိုကို အသင်းပိုင်ရှင်နဲ့ အဆင်မပြေလို့ ထုတ်ပယ်ခဲ့ပြီး ပိုစတီကိုဂလူးနဲ့ အစားထိုးခဲ့ပေမဲ့ ရလဒ်မကောင်းတာကြောင့် ရှောင်ဒိုက် ကို ထပ်မံတာဝန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ နော်တင်ဟမ် အသင်းဟာ ပိုစတီကိုဂလူးလက်ထက် ပြိုင်ပွဲစုံ ရှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့ကာ နှစ်ပွဲသရေ၊ ခြောက်ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း ရှစ်ပွဲအပြီး တစ်ပွဲသာအနိုင်ရကာ အဆင့် (၁၈) နေရာရောက်ရှိနေပါ တယ်။ ရှောင်ဒိုက် ရဲ့နည်းပြအဖွဲ့ဝင်တွေအဖြစ် နော်တင်ဟမ်နာမည်ကျော်ကစားသမားဟောင်း အီယန်ဝိုအန် နဲ့ စတိဗ်စတုန်း ျတို့က ဆောင်ရွက်မှာဖြစ်ပါတယ်။ (NVS 008)

22 Oct

ADVERTISE HERE .