“၁၂ ပွဲဆက်တိုက် ဂိုးသွင်းခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့စံချိန်ကို လိုက်မီသွားတဲ့ ဟာလန်း”

22 Oct

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်း ဟာ နာမည်ကျော်ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို ရဲ့ ကစားသမားဘဝ အကောင်းဆုံးစံချိန်ဖြစ်တဲ့ ၁၂ ပွဲဆက်တိုက် ဂိုးသွင်းတဲ့စံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရပါတယ်။ ဟာလန်းဟာ မန်စီးတီးက ဗီလာရီးယဲလ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုးသွင်းယူခဲ့တာကြောင့် ကလပ် အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် ၁၂ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့စံချိန် ရရှိခဲ့တာဖြစ်ပြီး စုစုပေါင်း ၂၂ ဂိုးသွင်းယူခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက စီရော်နယ်လ်ဒို ဟာ ရီးရဲလ်အသင်းမှာ ကစားစဉ် ၁၂ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ရပါတယ်။ ဟာလန်းဟာ ဒီရာသီမှာ စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲတစ်ပွဲသာ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ဘဲ ကျန်တဲ့ (၁၄) ပွဲစလုံး ဂိုးသွင်းနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ (NVS 008)

22 Oct

ADVERTISE HERE .