“နော်တင်ဟမ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရဖို့ ပိုမိုနီးစပ်လာတဲ့ ရှောင်ဒိုက်”

21 Oct

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အသင်းနည်းပြသစ်အဖြစ် ရှောင်ဒိုက် ကို ခန့်အပ်ဖို့ ပိုမိုနီးစပ်လာ ခဲ့ပါတယ်။ ဘန်လေအသင်းနဲ့ အဲဗာတန်အသင်းနည်းပြဟောင်း ရှောင်ဒိုက် ဟာ ပိုစတီကိုဂလူး ထုတ်ပယ်ခံရကတည်း က ရေပန်းအစားဆုံး ဖြစ်လာခဲ့တာဖြစ်ပါတယ်။ နော်တင်ဟမ်အသင်းနဲ့ ရှောင်ဒိုက် အကြား ဆွေးနွေးမှုတွေဟာ အပြီးသတ်လုနီးပါး ဖြစ်နေပြီလို့လည်း သိရပါတယ်။ နော်တင်ဟမ်အသင်း တာဝန်ရှိသူတွေဟာ မန်စီးတီးအသင်း နည်းပြဟောင်း မန်ချီနီ နဲ့လည်း ဆွေးနွေးခဲ့ပြီး ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗား ကိုလည်း စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမယ့် ဖူလ်ဟမ်နဲ့ ရာသီကုန်အထိ စာချုပ်သက်တမ်းရှိနေတဲ့ မာကိုဆေးလ်ဗား ကို ခေါ်ယူပါက လျော်ကြေး ပေါင် ၁၃ သန်းခန့် ပေးရဖို့ရှိနေတာကြောင့် ခေါ်ယူဖို့ လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ (NVS 008)

21 Oct

ADVERTISE HERE .