“ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မော်ရိုကိုအသင်း”

21 Oct

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ မော်ရိုကိုအသင်းက အာဂျင်တီးနားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ အာဂျင်တီးနားအသင်းက ဗိုလ်စွဲဖို့ ပိုမိုရေပန်းစားခဲ့ပေမဲ့ မော်ရိုကိုအသင်းက အံ့အားသင့်ဖွယ်ရလဒ်ကို ဖန်တီးပြသနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ မော်ရိုကိုအသင်းရဲ့ အနိုင်ဂိုးနှစ်ဂိုးစလုံးကို တောင်ပံကစားသမား ဇာဘီရီ က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မော်ရိုကိုအသင်းဟာ ၂၀၀၉ ခုနှစ်မှာ ဗိုလ်စွဲခဲ့တဲ့ ဂါနာအသင်းရဲ့နောက် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်တဲ့ ဒုတိယမြောက် အာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မော်ရိုကိုအသင်းဟာ အုပ်စု နောက်ဆုံးပွဲမှာ မက္ကဆီကိုအသင်းကို ရှုံးနိမ့်ခဲ့ပေမယ်ြ စပိန်နဲ့ ဘရာဇီးလ်ကို အနိုင်ယူပြီး အုပ်စုပထမနေရာ ရရှိခဲ့သလို၊ (၁၆) သင်း အဆင့်မှာ တောင်ကိုရီးယား၊ ကွာတားဖိုင်နယ်မှာ အမေရိကန်၊ ဆီမီးဖိုင်နယ်မှာ ပြင်သစ်တို့ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို တိုက်စစ်မှူး မာအမ်မာ က ရရှိခဲ့ကြောင်း သိရပါတယ်။ (NVS 008)

21 Oct

ADVERTISE HERE .