“ဆွီဒင်လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဂရေဟမ်ပေါ်တာ”
21 Oct
ပြီးခဲ့တဲ့ စက်တင်ဘာလက ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြရာထူး က ထုတ်ပယ်ခံခဲ့ရတဲ့ အင်္ဂလိပ်လူမျိုးနည်းပြ ဂရေဟမ်ပေါ်တာ ဟာ ဆွီဒင်လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံလိုက်ရပြီဖြစ်ကြောင်း သိရပါတယ်။ ဆွီဒင်လက်ရွေးစင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရှုံးပွဲတွေဆက်ပြီး ရလဒ်တွေဆိုးခဲ့တာကြောင့် ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က နည်းပြ တိုမာဆန် ကို ရာထူးကနေထုတ်ပယ်ပြီး ဂရေဟမ်ပေါ်တာ ကို အစားထိုးခန့်အပ်ခဲ့ ခြင်းဖြစ်ပါတယ်။ ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အုပ်စုအောက်ဆုံးရောက်နေပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက်မရှိတော့ဘဲ Play-offs ယှဉ်ပြိုင်ခွင့်ရဖို့သာ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Nations League ရလဒ်အရလည်း Play-offs ယှဉ်ပြိုင်ခွင့်ရဖို့ အခွင့်အရေးရှိနေတာကြောင့် ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ဂရေဟမ် ပေါ်တာ ကို လောလောဆယ်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကာလအထိသာ ကာလတိုနဲ့ ခန့်အပ်ထားပြီး ခြေစစ်ပွဲ အောင်မြင်မှသာ ကာလရှည်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ (NVS 008)