“ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေ ၅၄ ဒသမ ၅ ရာခိုင်နှုန်းထိမြင့်တက်လာ”
21 Oct
Opta ရဲ့ စူပါကွန်ပျူတာက ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေ ၅၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာပြီလို့ တွက်ချက်ဖော်ပြခဲ့ပါတယ်။ အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ အာဆင်နယ်အသင်းက ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးအသင်းကို ၃ မှတ်၊ လက်ရှိချန်ပီယံ လီဗာပူးလ်ကို ၄ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာတယ်လို့ စူပါကွန်ပျူတာက တွက်ချက် ခဲ့တာဖြစ်ပြီး အခုရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေမှာ အာဆင်နယ်က ၅၄ ဒသမ ၄၈ ရာခိုင်နှုန်း၊ မန်စီးတီးက ၁၇ ဒသမ ၃၂ ရာခိုင်နှုန်း၊ လီဗာပူးလ်က ၁၇ ဒသမ ၂၁ ရာခိုင်နှုန်းရှိတယ်လို့ စူပါကွန်ပျူတာက ဖော်ပြခဲ့ပါတယ်။ (NVS 008)
21 Oct