ဆန်ဒရိုတိုနာလီကို စာချုပ်သက်တမ်းတိုးရန် နယူးကာဆယ်အသင်း စီစဉ်

20 Oct

နယူးကာဆယ်အသင်းက အသင်းကွင်းလယ်ကစားသမား ဆန်ဒရိုတိုနာလီ ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိပါတယ်။ အသက်(၂၅)နှစ်အရွယ် ကွင်းလယ်ကစားသမားကို လက်ရှိအချိန်တွင် ဥရောပကလပ် အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းကြောင့် နယူးကာဆယ်အသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ဆန်ဒရိုတိုနာလီ ဟာ နယူးကာဆယ်အသင်းနဲ့အတူ ၂ဝ၂၃-၂ဝ၂၄ မှ လက်ရှိ ဘောလုံး ရာသီအထိ ပြိုင်ပွဲစုံ ၆၆ ပွဲကစားပြီး ခုနစ်ဂိုး သွင်းယူထားတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်း ထုတ်ပြန်ချက်တွင် ဆန်ဒရိုတိုနာလီ ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်းနဲ့ သူဟာအသင်းအတွက် ကစားသမားကောင်းတစ်ယောက်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။(NVS 008)

20 Oct

ADVERTISE HERE .