တာဘာရက်စ် ကို ခေါ်ယူရန် ချဲလ်ဆီးအသင်း စီစဉ်

20 Oct

ချဲလ်ဆီးအသင်းက လာဇီယိုအသင်း နောက်ခံကစားသမား တာဘာရက်စ် ကို ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက်(၂၅)နှစ်အရွယ် နောက်ခံကစားသမား တာဘာရက် ဟာ လာဇီယိုအသင်းနှင့်အတူ ၂၀၂၄-၂၀၂၅ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၃၆ ပွဲကစားကာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့လို့ ချဲလ်ဆီးအသင်းက ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ လာဇီယိုအသင်းကလည်း နောက်ခံကစားသမား တာဘာရက်စ် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိပါက မည်သည့်အသင်းကိုမဆို ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ လာမည့်ဆောင်းရာသီ ဈေးကွက်အတွင်း လာဇီယိုအသင်းထံမှ တာဘာရက်စ် ကို ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)

20 Oct

ADVERTISE HERE .