ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ဂိုးသွင်းယူနိုင်သည့် စံချိန်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တဲ့ ဟာလန်း

20 Oct

နော်ဝေလက်ရွေးစင်နဲ့ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း အနေနဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ဟာလန်း ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းက အဲဗာတန်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွင် အသင်းအတွက် အဖိုးတန်သွင်းဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးပြီးနောက် ယခုလို မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့အတူ ၂၀၂၂-၂၀၂၃ မှ လက်ရှိရာသီအထိ ပြိုင်ပွဲစုံ ၁၅၆ ပွဲကစားပြီး ၁၃၈ ဂိုးအထိ သွင်းယူထားနိုင်တာဖြစ်ပါတယ်။ ဟာလန်း က အခုလို စံချိန်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်းနဲ့ နောက်ထပ်လည်း စံချိန်ကောင်းတွေ ရယူသွားဖို့နဲ့ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူသွားနိုင်ရန် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။(NVS 008)

20 Oct

ADVERTISE HERE .