နည်းပြ ပိုစတီကိုဂလူးကို နည်းပြရာထူးမှ နော်တင်ဟမ်ဖောရက်စ်အသင်း ထုတ်ပယ်

20 Oct

နော်တင်ဟမ်ဖောရက်စ်အသင်းက ချဲလ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် ချက်ချင်းပင် နည်းပြ ပိုစတီကိုဂလူး ကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ နည်းပြ ပိုစတီကိုဂလူး ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်က စတင် ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲရှစ်ပွဲတွင် တစ်ပွဲမျှ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့လို့ နည်းပြရာထူးမှ ထုတ်ပယ် ခံခဲ့ရခြင်းဖြစ်ပါတယ်။ အခုလို ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ နည်းပြ ပိုစတီကိုဂလူး အနေနဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်တွင် အချိန်အတိုဆုံးကိုင်တွယ်ကာ ထုတ်ပယ်ခံရသည့် နည်းပြများတွင် ပါဝင်ခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ် အသင်းထုတ်ပြန်ချက်တွင် နည်းပြ ပိုစတီကိုဂလူး ကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ကြောင်းနဲ့ အသင်းအနေနဲ့ နည်းပြသစ်တစ်ဦး အမြန်ဆုံးရှာဖွေခန့်အပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)

20 Oct

ADVERTISE HERE .