မန်ယူအသင်းက လီဗာပူးလ်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိ
20 Oct
ပရီးမီးယားလိဂ်ပွဲစဉ်(၈)အဖြစ် ကစားခဲ့တဲ့ မန်ယူအသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက လီဗာပူးလ်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ မန်ယူအသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို ပွဲချိန် ၂ မိနစ်တွင် အန်ဘူမို၊ ပွဲချိန် ၈၄ မိနစ်တွင် မက်ဂွိုင်းယား တို့က သွင်းယူပေးခဲ့ပြီး လီဗာပူးလ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ပွဲချိန် ၇၈ မိနစ်တွင် တိုက်စစ်မှူး ဂတ်ပို က သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်အတွင်း လီဗာပူးလ်တိုက်စစ်ကစားသမားတွေရဲ့ အဆုံးသတ်မှုတွေက သေချာမှု မရှိခဲ့တဲ့အပြင် မန်ယူအသင်းဂိုးသမား လန်မန်း ရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် မန်ယူအသင်းက အနိုင်ရရှိခဲ့တာ ဖြစ်တယ်။ ပွဲစဉ်အတွင်း အကောင်းဆုံးကစားသမားဆုကို မန်ယူအသင်းဂိုးသမား လန်မန်း ကရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ကစားအပြီးမှာ လီဗာပူးလ်အသင်းက ရမှတ် ၁၅ မှတ်ဖြင့် အဆင့်(၄)နဲ့ မန်ယူအသင်းက ရမှတ် ၁၃ မှတ်ဖြင့် အဆင့်(၉)နေရာတို့တွင် ရပ်တည်ခဲ့ကြပါတယ်။(NVS 008)