စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ရက်သတ္တသုံးပတ်ဆက်တိုက် ပြောင်းလဲမှုမရှိ

20 Oct

ယခုတစ်ပတ်တာကာလဖြစ်သည့် အောက်တိုဘာလ ၂၀ ရက်မှ ၂၆ ရက်အထိ ရောင်းချရမည့် ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆,၅၈၅ ကျပ် ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထား ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်တွင် ငွေကျပ် ၆,၁၃၀ ရှိခဲ့တဲ့ အဆိုပါ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းများက စက်တင်ဘာလ ၁ ရက်မှာ ၆၄၁၀ ကျပ်သို့ မြင့်တက်ခဲ့ရာမှ အောက်တိုဘာလ ၅ ရက်မှာ ၆၆၁၀ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ပြီးနောက် ယခုအခါ အောက်တိုဘာလ ၆ ရက်မှ ၁၂ ရက်တွင် ဖြစ်ပေါ်ခဲ့သော ၆,၅၈၅ ကျပ်သို့ ကျဆင်းခဲ့တဲ့ဈေးနှုန်းအတိုင်း တည်ငြိမ်နေတာ ရက်သတ္တသုံးပတ်ဆက်တိုက် တည်ငြိမ်နေတာဖြစ်ပါတယ်။ အဆိုပါထုတ်ပြန် ကြေညာထားတဲ့ စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက် နဲ့ သိုလှောင်ခြင်း အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။(NVS 004)

20 Oct

ADVERTISE HERE .