ပေါ်ဆန်းမွှေးကို ဧရာဝတီတိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်ပြောကြား
20 Oct
ပေါ်ဆန်းမွှေးကို ဧရာဝတီတိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အောက်တိုဘာလ ၁၉ ရက်မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထွက်နှုန်းကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်သလို အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဥပမာအားဖြင့် စိုက်ပျိုးသည့် စပါးများ၏ Eating Quality များ ကောင်းမွန်ရန်လိုပြီး အရေအတွက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းသည် ဧရာဝတီတိုင်း၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်လို့ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်နှင့် အထွက်နှုန်းများကောင်းမွန်အောင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ ဆက်လက်ပြီး အထွက်နှုန်းပန်းတိုင်ရည်မှန်းချက်အနေနဲ့ မိုးစပါးတင်း(၁၀၀)၊ နွေစပါးတင်း(၁၁၀) ထားရှိ ကြောင်း၊ စိုက်ပျိုးဧကများ မှန်ကန်ရန်နှင့် အထွက်နှုန်းတွေ တိုးတက်မှုရှိရန်လိုကြောင်း၊ ဧရာဝတီတိုင်းက လယ်စိုက်ပျိုးမြေရဲ့ (၁၀)ရာခိုင်နှုန်းခန့်ဟာ ရေနက်ကွင်းတွေဖြစ်တာကြောင့် ရေနက်ကွင်းတွေကို မြေပြုပြင်ကာ လယ်စပါးစိုက်ပျိုးခြင်းနဲ့ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း၊ လယ်မြေများအား ဧကကွက် များအဖြစ် ဖော်ထုတ်နိုင်ပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကာ စပါးစိုက်ပျိုးမှုများကို ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ စပါးစိုက်ပျိုးမှုများကို ပင်ကြား၊ တန်းကြားမှန်မှန်ကန်ကန်နှင့် ကောက်ကွက်ပြည့်မီအောင် ဆောင်ရွက်ရန်၊ လယ်မြေများအား မြေပြုပြင်စိုက်ပျိုးရန်၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)