သီပေါမြို့ အုပ်ချုပ်ရေးယန္တရား ပြန်လည်စတင်နိုင်ရန် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပြန်လည်ရောက်ရှိ

19 Oct

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီး‌နောက် ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ လူမှုစီးပွားဘဝအတွက် ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒေသခံတိုင်းရင်းသားများအနေနဲ့ ၎င်းတို့၏ မြို့ရွာများရှိ နေအိမ်များကို ပြန်လည်နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် မီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာနအဆောက်အအုံများ၊ လူနေ အဆောက်အအုံများ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအား ပြန်လည်ပြုပြင်နိုင်ရေးနှင့် မြေမြုပ်မိုင်းအန္တရာယ် ကင်းရှင်းစေရန် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ သီပေါမြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် နေထိုင်သည့်ပြည်သူများအား လိုအပ်သောကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်နှင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်‌ရှောက်မှုလုပ်ငန်းများဖြစ်သည့် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ အောက်တိုဘာလ ၁၈ ရက်တွင် သီပေါမြို့သို့ ရောက်ရှိလာခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများက ဝမ်းမြောက်စွာကြိုဆိုခဲ့ကြပါတယ်။(NVS 004)

19 Oct

ADVERTISE HERE .