အီရန်နိုင်ငံက နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက်ကိုသာ လိုက်နာတော့မည်ဟုဆို

19 Oct

အီရန်နိုင်ငံအနေဖြင့် အောက်တိုဘာလ ၁၈ ရက်နောက်ပိုင်းမှစ၍ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက်ကိုသာ လိုက်နာတော့မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာ ရက်ချီ က ပြောသည်။ ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သည့် အီရန်နျူကလီးယားသဘောတူညီချက်ကို ထောက်ခံထားသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၂၃၁ သည် အောက်တိုဘာလ ၁၈ ရက်တွင် သက်တမ်းကုန်ဆုံးသည့် အတွက် ထိုသဘောတူညီချက်ပါ ကန့်သတ်ချက်များသည်လည်း ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် အီရန်၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ထားခြင်းမရှိသည့် နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက်ကိုသာ လိုက်နာသွားတော့မည်ဖြစ်ကြောင်း အာဘတ် အာရက်ချီ ကပြောထားသည်။

19 Oct

ADVERTISE HERE .