ရီးရဲလ်နောက်ခံလူ အာနိုး လေ့ကျင့်ခန်းပြန်ဆင်း

18 Oct

တံကောက်ကြောဒဏ်ရာကြောင့် နားနေရတဲ့ ရီးရဲလ်နောက်ခံလူ အာနိုး ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် အာနိုးဟာ စက်တင်ဘာ ၁၆ ရက်မှာ ကစားခဲ့တဲ့ မာဆေးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ၆ ပတ်လောက် အနားယူရနိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း အာနိုး ရဲ့ဒဏ်ရာက အလျင်အမြန်သက်သာလာခဲ့လို့ အောက်တိုဘာလ ၁၆ ရက်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းလာနိုင်တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ ပုံတွေကို အာနိုး က သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့ပြီး မကြာခင်မှာ ပြန်ကစားနိုင်တော့မယ့်အကြောင်း အသိပေးလိုက်ပါတယ်။ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တာကြောင့် အာနိုးဟာ နိုဝင်ဘာ ၄ ရက်မှာကစားမယ့် အသင်းဟောင်းလီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။ နည်းပြ အလွန်ဆို က အာနိုး ရဲ့ ကြံ့ခိုင်မှုအခြေအနေကိုကြည့်ပြီး ပွဲကစားခွင့် ပြု၊မပြုကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ အာနိုး ဟာ အခုနွေရာသီမှာ လီဗာပူးလ်ကနေ ရီးရဲလ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပုံမှန်နေရာရဖို့ ရုန်းကန်နေရပြီး ရီးရဲလ်အတွက် အခုရာသီမှာ မိနစ်ပေါင်း ၁၅၆ မိနစ်သာ ကစားပေးထားနိုင်တာ ဖြစ်ပါတယ်။(NVS 008)

18 Oct

ADVERTISE HERE .