ချဲလ်ဆီးတိုက်စစ်မှူး ကိုးလ်ပါလ်မာ ပေါင်ခြံဒဏ်ရာကြောင့် ခြောက်ပတ်ခန့်နားရမည်

18 Oct

ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကိုးလ်ပယ်မာ ဟာ ပေါင်ခြံဒဏ်ရာကြောင့် ၆ ပတ်ခန့် နားရမှာဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာ က အတည်ပြုပြောကြားလိုက်ပါတယ်။ စက်တင်ဘာလ ၂၀ ရက် နောက်ပိုင်းထဲက ပယ်လ်မာ ဟာ ဒဏ်ရာကြောင့် နားနေရတာဖြစ်ပြီး ပယ်လ်မာရဲ့ ဒဏ်ရာပြဿနာက ပြီးခဲ့တဲ့ နွေရာသီမှာ လုံလောက်တဲ့အနားယူချိန် မရခဲ့ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုးသွင်းယူပေးခဲ့တဲ့ ပယ်လ်မာ အနေနဲ့ လက်ရှိရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ၃ ပွဲ သာ ပါဝင်ကစားပေးထားနိုင်တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ နိုင်ငံတကာအားလပ်ရက်မှာ ပယ်လ်မာ ကို အနားယူခွင့် အပြည့်ပေးထားပြီး နိုဝင်ဘာလမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ချဲလ်ဆီးအသင်းဆေးအဖွဲ့ရဲ့ နောက်ဆုံးအသိပေးမှုအရ ပယ်လ်မာ က နိုဝင်ဘာလကုန်ပိုင်း မှသာ ပြန်ကစားနိုင်မှာဖြစ်ကြောင်း နည်းပြ မာရက်စ်ကာ က ပြောခဲ့ပါတယ်။(NVS 008)

18 Oct

ADVERTISE HERE .