ဝင်ငွေအကောင်းဆုံး ကစားသမားစာရင်းတွင် စီရော်နယ်ဒို ခြောက်ကြိမ်မြောက် ထိပ်ဆုံး၌ရပ်တည်
18 Oct
ယခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ကစားသမားစာရင်းတွင် တိုက်စစ်မှူး စီရော်နယ်ဒို က ဆယ်စုနှစ် အတွင်း ခြောက်ကြိမ်မြောက်အဖြစ် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ဝင်ငွေအကောင်းဆုံး ကစားသမား ၁၀ ဦးစာရင်းမှာ ကွင်းအတွင်းနဲ့ ကွင်းပြင်ပ ဝင်ငွေများအရ အယ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒို က အမေရိကန်ဒေါ်လာ သန်း ၂၈၀ ဖြင့် အဆင့်(၁)၊ အင်တာမီယာမီအသင်းတိုက်စစ်မှူး မက်ဆီ က အမေရိကန်ဒေါ်လာ သန်း ၁၃၀ ဖြင့် အဆင့်(၂)၊ အယ်အီတီဟတ်အသင်းတိုက်စစ်မှူး ဘန်ဇီမာ က အမေရိကန်ဒေါ်လာ ၁၀၄ သန်းဖြင့် အဆင့်(၃)၊ ရီးရဲလ်မက်ဒရစ် အသင်းတိုက်စစ်မှူး အမ်ဘက်ပီ က အမေရိကန်ဒေါ်လာ ၉၅ သန်းဖြင့် အဆင့်(၄)၊ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း က အမေရိကန်ဒေါ်လာ သန်း ၈၀ ဖြင့် အဆင့်(၅)၊ ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဗင်နီစီးယက်စ် က အမေရိကန်ဒေါ်လာ သန်း ၆၀ ဖြင့် အဆင့်(၆)၊ လီဗာပူးအသင်းတိုက်စစ်မှူး ဆာလတ် က အမေရိကန်ဒေါ်လာ ၅၅ သန်းဖြင့် အဆင့်(၇)၊ အယ်နာဆာအသင်း တောင်ပံကစားသမား ဆာနေး က အမေရိကန်ဒေါ်လာ ၅၄ သန်းဖြင့် အဆင့် (၈)၊ ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘယ်လင်ဟမ် က အမေရိကန်ဒေါ်လာ ၄၄ သန်းဖြင့် အဆင့်(၉)၊ ဘာစီလိုနာ အသင်းတိုက်စစ်မှူး ယာမယ် က အမေရိကန်ဒေါ်လာ ၄၃ သန်းဖြင့် အဆင့်(၁၀)နေရာတွင် အစဉ်လိုက် ရပ်တည် လျက်ရှိပါတယ်။ အဆိုပါစာရင်းတွင် ပါဝင်ခဲ့သည့် အသက် ၁၈ နှစ်ရှိ တိုက်စစ်မှူး ယာမယ် က ဝင်ငွေအကောင်းဆုံး စာရင်းတွင် ပါဝင်ခဲ့သည့် အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ကြောင်း သိရပါတယ်။(NVS 008)