တောင်ပံကစားသမား ရိုဒရီဂို အသင်းတွင် ဆက်ရှိသွားမည်ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်း အတည်ပြု
18 Oct
တောင်ပံကစားသမား ရိုဒရီဂို အနေနဲ့ အသင်းမှထွက်ခွာမည့် သတင်းများက မှားယွင်းကြောင်းနဲ့ အသင်း တွင်သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမားကို လက်ရှိအချိန်တွင် ပီအက်စ်ဂျီအသင်းက ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ရီးရဲလ်အသင်းက ငြင်းပယ်ခဲ့ပါတယ်။ တောင်ပံကစားသမား ရိုဒရီဂို ဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂၀၁၉-၂၀၂၀ မှ ၂၀၂၅-၂ဝ၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၂၇၈ ပွဲကစားကာ ၆၈ ဂိုး အထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ထုတ်ပြန်ချက်တွင် ရိုဒရီဂို အနေနဲ့ အသင်းမှာပဲ ဆက်ရှိသွားမှာဖြစ်ပြီး သူဟာ အသင်းအတွက် ကစားသမားကောင်း တစ်ယောက်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)
18 Oct