တိုက်စစ်မှူး လီဝမ်ဒေါစကီး ကို အေတီကိုအသင်းက ခေါ်ယူရန်ကြိုးပမ်း
18 Oct
ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် တိုက်စစ်မှူး လီဝမ်ဒေါစကီး ကို အေတီကို အသင်းက ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ အသက်အရွယ်အရ အကျပိုင်းသို့ ရောက်လာတာကြောင့် တိုက်စစ်မှူး လီဝမ်ဒေါစကီး အနေနဲ့ မကြာခဏ ဒဏ်ရာရရှိနေခဲ့လို့ ဘာစီလိုနာအသင်းက စာချုပ်သက်တမ်းမတိုးတော့ဘဲ ထွက်ခွာခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အေတီကိုအသင်းနည်းပြ ဆီမြွန်နီ က ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိပါတယ်။ အေတီကိုအသင်းက လက်ရှိတွင် ကစားသမား၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပြီး တိုက်စစ်ပိုင်းတွင် လီဝမ်ဒေါစကီး ကို ဆိုးလော့ နဲ့တွဲဖက်ကာ အသုံးပြုသွားရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ အေတီကိုအသင်းနဲ့ ဘာစီလိုနာအသင်းတို့က ကစားသမားခေါ်ယူမှုများတွင် ဆက်ဆံရေးကောင်းများ ရှိကြပြီး အေတီကိုအသင်းက တိုက်စစ်မှူး ဒေးဗစ်ဗီလာနဲ့ ဆွာရက်ဇ် တို့ကိုလည်း ခေါ်ယူနိုင်ခဲ့သလို လီဝမ်ဒေါစကီး ကိုလည်း ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ (NVS 008)