ရီးရဲလ်မက်ဒရစ်အသင်းက နီကိုပက်ဇ် ကို ပြန်လည်ခေါ်ယူနိုင်ကြောင်း ကိုမိုအသင်းဥက္ကဋ္ဌ အတည်ပြု

18 Oct

ကိုမိုအသင်းဥက္ကဋ္ဌ မာဝင် ဆူရာဆို က ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အသင်းမှ ကွင်းလယ်ကစားသမား နီကိုပက်ဇ် ကို အချိန်မရွေး ပြန်လည်ခေါ်ယူနိုင်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ နီကိုပက်ဇ် ဟာ ရီးရဲလ်မက်ဒရစ်အသင်း၌ ပွဲကစားခွင့်မရရှိတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကိုမိုအသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင်ခြောက်သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။ ကိုမိုအသင်းနဲ့အတူ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့သလို ယခုနှစ်ဘောလုံးရာသီမှာလည်း အဓိကကစားသမား တစ်ဦးအဖြစ် ပါဝင်နေသူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက ကိုမိုအသင်းထံသို့ နီကိုပက်ဇ် ကို ရောင်းချစဉ်ကတည်းက အသင်းထံ ပြန်လည်ခေါ်ယူလိုပါက အချိန်မရွေးခေါ်ယူနိုင်သည့်အချက်ကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားကြောင်း ကိုမိုအသင်းဥက္ကဋ္ဌက အတည်ပြုပြောကြားခဲ့ပါတယ်။ နီကိုပက်ဇ် အနေနဲ့ ကိုမိုအသင်းသို့ ပြောင်းရွှေ့ခဲ့စဉ်က ယူရိုခြောက်သန်းသာ တန်ကြေးရှိခဲ့သော်လည်း လက်ရှိတွင် နီကိုပက်ဇ် ရဲ့ ဈေးကွက်တန်ကြေးမှာ ယူရိုသန်း ၇၀ ထိရှိနေကြောင်း သိရပါတယ်။(NVS 008)

18 Oct

ADVERTISE HERE .