ဥရောပကလပ်အသင်းများက ယီဒက်ဇ် ကို ခေါ်ယူရန် စိတ်ဝင်စား
18 Oct
ဥရောပကလပ်အသင်းများဖြစ်တဲ့ မန်ယူ၊ ချဲလ်ဆီး၊ ဘာစီလိုနာအသင်းတို့က ဂျူဗင်တပ်အသင်း လူငယ်တိုက်စစ်မှူး ယီဒက်ဇ် ကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားလျက်ရှိပါတယ်။ အသက် ၂ဝ နှစ်အရွယ် ယီဒက်ဇ် အနေနဲ့ ဂျူဗင်တပ်အသင်းနဲ့အတူ ၂ဝ၂၃-၂ဝ၂၄ မှ ၂၀၂၅-၂ဝ၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၉၂ ပွဲကစားပြီး ၁၈ ဂိုးထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့လို့ ဥရောပကလပ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ ယီဒက်ဇ်ကိုယ်တိုင်ကလည်း အတွေ့အကြုံသစ်များ ရရှိစေရန်အတွက် အသင်းပြောင်းရွှေ့ကစားလိုနေတာ ဖြစ်ပါတယ်။(NVS 008)
18 Oct