ဥရောပကလပ်အသင်းများက အန်းဒရစ်ခ် ကို ခေါ်ယူရန်စိတ်ဝင်စား
18 Oct
ရီးရဲလ်အသင်းမှာ ပွဲကစားခွင့်နည်းပါးလို့ စိတ်ပျက်နေတဲ့ ဘရာဇီးလူငယ်တိုက်စစ်မှူး အန်းဒရစ်ခ် ကို လာမယ့် ဇန်နဝါရီဈေးကွက်မှာ ခေါ်ယူဖို့အတွက် ဥရောပကလပ်အသင်းအများစု စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် အန်းဒရစ်ခ် အနေနဲ့ ပြီးခဲ့တဲ့မေလအတွင်း တံကောက်ကြောဒဏ်ရာရခဲ့ပြီး ပြန်လည်သက်သာလာခဲ့ပေမယ့် ရီးရဲလ်အသင်းအတွက် ယခုရာသီမှာ ပွဲကစားခွင့် မရရှိသေးတာဖြစ်ပါတယ်။ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ရီးရဲလ်အသင်းနဲ့အတူ ပြိုင်ပွဲစုံသွင်းဂိုး ၇ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အန်းဒရစ်ခ် ဟာ ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းကို အငှားနဲ့ထွက်ကစားဖို့ ဆန္ဒရှိနေပြီး လက်ရှိနည်းပြ အလွန်ဆို ကလည်း အန်းဒရစ်ခ် ထက် ကလပ်ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂါစီယာ ကို ပိုပြီးတော့ နေရာပေးနေခဲ့လို့ အန်းဒရစ်ခ် အနေနဲ့ ဇန်နဝါရီ မှာ အခြားကလပ်အသင်းထံသို့ အငှားထွက်ကစားရဖို့ ရှိနေပါတယ်။ အန်းဒရစ်ခ် အနေနဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းမှာ ပါခွင့်ရရန် ကလပ်အသင်းတွင် ပုံမှန်ကစားခွင့် လိုအပ်နေတာဖြစ်ပါတယ်။(NVS 008)