မလေးရှားက အသက် ၁၆ နှစ်အောက်များကို စမတ်ဖုန်း အသုံးပြုမှု တားမြစ်ရန်စဉ်းစားလာ

18 Oct

မလေးရှားအစိုးရသည် နိုင်ငံအတွင်းရှိအသက် ၁၆ နှစ်အောက် ဆယ်ကျော်သက်များကို စမတ်ဖုန်း အသုံးပြုမှုတားမြစ်ရန် စဉ်းစားလာနေကြောင်း ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် က အောက်တိုဘာလ ၁၇ ရက် တွင်ပြောသည်။ ယခုကဲ့သို့ လုပ်ဆောင်ရန်စဉ်းစားရခြင်းသည် ကျောင်း၏လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ စည်းကမ်းရှိမှုနှင့် ကိုယ်ကျင့်တရားတန်ဖိုးများ ပိုမိုမြင့်မားလာစေရန်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောထားသည်။ လူမှုမီဒီယာနှင့် အွန်လိုင်းဂိမ်းများကို အသုံးပြုခြင်းသည် တစ်ခါတစ်ရံတွင် ရာဇဝတ်မှုများ ဖြစ်ပွားစေသည် အထိ ဦးတည်လာသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် အသက် ၁၆ နှစ်အောက် ဆယ်ကျော်သက်များကို စမတ်ဖုန်းအသုံးပြုမှုတားမြစ်ရန် စဉ်းစားလာရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ အောက်တိုဘာလ ၁၄ ရက်တွင် ပီတလင်းဂျာယာပြည်နယ်ရှိ ကျောင်းသားတစ်ဦးက အသက် ၁၆ နှစ်ရှိ ကျောင်းသူတစ်ဦးကို ဓားထိုးမှုလုပ်ဆောင်ခြင်းအပါအဝင် ကျောင်းတွင်းရာဇဝတ်မှုများ ဖြစ်ပွားလာပြီးနောက် မလေးရှားအစိုးရက ယခုကဲ့သို့ စမတ်ဖုန်းအသုံးပြုမှုကို တားမြစ်ရန်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

18 Oct

ADVERTISE HERE .