ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲစွာနေထိုင်ရသူ ၁၀ ဦးလျှင် ရှစ်ဦးက အန္တရာယ်များ‌သော သဘာဝဘေးဖြစ်စဉ်များနှင့် ရင်ဆိုင်နေရ

18 Oct

ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲစွာနေထိုင်ရသူ ၁၀ ဦးလျှင် ရှစ်ဦးက အန္တရာယ်များသော သဘာဝဘေးဖြစ်စဉ် များနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်က အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ပြန် ထားသည်။ အဆိုပါပမာဏသည် ဆင်းရဲစွာနေထိုင်နေရသည့် လူဦးရေ ၈၈၇ သန်းနှင့်ညီမျှကြောင်း၊ ၎င်းတို့သည် နေထိုင်ရာဒေသများရှိ မတူညီသောသဘာဝဘေးများကို ရင်ဆိုင်နေရသူများဖြစ်ကြောင်း အောက်စဖို့ ဆင်းရဲမှုနှင့် လူသားများဆိုင်ရာအစီအစဉ်နှင့် ပူးတွဲထုတ်ပြန်သော ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကမ္ဘာတစ်ဝန်းတွင် ဆင်းရဲစွာနေထိုင်ရသူ ၁ ဒသမ ၁ ဘီလီယံရှိပြီး ၎င်းတို့အနက် ၈၈၇ သန်းသည် အပူချိန် အလွန်အမင်းမြင့်တက်မှု၊ ရေကြီးမှု၊ မိုးခေါင်ရေရှားမှု သို့မဟုတ် လေထုညစ်ညမ်းမှုတို့ ကဲ့သို့သော ပြင်းထန်သည့် ရာသီဥတုအခြေအနေများနှင့် တွေ့ကြုံနေရကြောင်း၊ ထိုကဲ့သို့ တွေ့ကြုံနေရသူများအနက် ၉၉ ဒသမ ၁ ရာခိုင် နှုန်းမှာ တောင်အာရှဒေသမှဖြစ်ကြောင်း၊ ၉၁ ဒသမ ၆ ရာခိုင်နှုန်းမှာ ပြင်းထန်သည့် သဘာဝဘေးအန္တရာယ် နှစ်မျိုးနှင့်အထက်ကို ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ကမ္ဘာကြီးပူနွေးမှုကို ထိန်းချုပ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ ယာယီအုပ်ချုပ်ရေးမှူးက ပြောထားသည်။

18 Oct

ADVERTISE HERE .