“အာဂျင်တီးနားအသင်းရဲ့ ကမ်းလှမ်းမှုကို မျှော်လင့်နေတဲ့ ဆူလီ”
17 Oct
အီတလီလက်ရွေးစင်အသင်းဖြစ်ခွင့်ကို ပယ်ချခဲ့တဲ့ ရိုးမားအသင်းရဲ့ လူငယ်ကစားသမား မာသီးယက်စ် ဆူလီ က အာဂျင်တီးနားအသင်းအတွက် ကိုယ်စားပြုဖို့သာ ဆုံးဖြတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဆူလီ ဟာ အာဂျင်တီးနား-အီတလီ ၂ နိုင်ငံသားဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ထဲက စီးရီးအေမှာ ဂျူဗင်တပ်၊ ဖရိုစီနိုနီ၊ ရိုးမားအသင်းတွေနဲ့ ကစားနေခဲ့တာဖြစ်ပါတယ်။ ဆူလီ ဟာ အာဂျင်တီးနားအတွက် ကိုယ်စားပြု ခွင့်မရဘူးဆိုရင် အီတလီလက်ရွေးစင်အဖြစ်ကို ရွေးချယ်ဖို့ဆန္ဒရှိတယ်လို့ အေးဂျင့်ဖြစ်သူက ပြောကြားခဲ့ပေမယ့် ဆူလီ က အာဂျင်တီးနားအတွက် ကစားပေးဖို့ကိုပဲ ဆန္ဒရှိတယ်လို့ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အီတလီနည်းပြ စပယ်လက်တီနဲ့ စကားပြောဆိုခဲ့ပြီး အာဂျင်တီးနားအတွက်ပဲ ကစားပေးချင်တယ်ဆိုတာကို ပြောကြားခဲ့သလို အခုထိလည်း ဒီအတွေးက ရှိနေဆဲဖြစ်ပါတယ်လို့ ဆူလီ က ပြောပါတယ်။ ဆူလီ က အခုရာသီ စီးရီးအေအဖွင့် ၆ ပွဲမှာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ (NVS 008)